Design Pattern မိတ်ဆက်

Pattern ဆိုတာက ထပ်ခါ ထပ်ခါ ဖြစ်နေသည့် သဘောမျိုးကို ဆိုလိုတာပါ။ Design Pattern ဆိုတာကလည်း တူညီသည့် ပြဿနာတွေ ကို စုစည်းပြီး ဖြေရှင်း နည်း ကို ထုတ်ထားပေးသည့် သဘောမျိုးပါပဲ။ Application တွေ System တွေကို တည်ဆောက်သည့် အခါမှာ System Design ကို ဦးစွာ တည်ဆောက်ရပါတယ်။ Blue Print မရှိပဲ တည်ဆောက်သည့် အခါမှာ အများတွေ များလာနိုင်ပါတယ်။ System တစ်ခုက သေချာစွာတည် ဆောက်ထားမှု မရှိရင် အသစ်တွေ ထပ်ဖြည့်သည့် အခါမှာ ပြဿနာ တွေ အများကြီး ရှိနိုင်ပါတယ်။

Design Pattern အသေးစိတ် လေ့လာမယ် ဆိုရင် GoF: Gang Of Four ရဲ့ Design Pattern စာအုပ်ကို အားရင် ဖတ်သင့်ပါတယ်။ Design Pattern အားလုံးပါဝင်ပြီးတော့ 1994 က ထုတ်ထားတာပါ။ သို့ပေမယ့် အခု ထက်ထိ အသုံးဝင်နေဆဲပါပဲ။

Software Development မှာ Patterns တွေ အများကြီး ရှိပါတယ်။ အချို့တွေက Design Pattern ကို MVVM, MVC လိုမျိုး design structure တွေ နဲ့ မှားတတ်ပါတယ်။ ဒီစာအုပ် မှာတော့ Facade, Command, Strategy လိုမျိုး design pattern တွေကို လေ့လာရမှာ ဖြစ်ပါတယ်။

ဘယ်သူ တွေ ဖတ်သင့်သလဲ

Design Pattern ကို မလေ့လာခင်မှာ ဦးစွာ

တို့ လိုအပ် ပါတယ်။ OOP , UML , SOLID  တို့ ကို စာတွေ့ မဟုတ်ပဲ လုပ်ငန်း အတွေ့အကြုံ နဲ့ လက်တွေ့ သိရှိ ထားမှသာ Design Pattern ပိုင်းကို နားလည် ဖို ့လွယ်ကူမှာပါ။ တစ်ခုခု အားနည်းခဲ့ရင်တော့ စာဖတ်လိုက်လို့ သိသွားသည့် သဘောပဲ ရှိပါမယ်။ နားလည်သဘောပေါက် သွားဖို့ အချိန် ပေးရမှာပါ။

Design Pattern အမျိုးအစား

Design Pattern မှာ

ဆိုပြီး ရှိပါတယ်။

တစ်ခုခု ကို ဖန်တီးထုတ်လုပ် ခဲ့ရင် Creational Patterns သဘောဖြစ်ပြီး Class Structural တစ်ခုကို ပြောင်းလဲ ရင်တေော့ Structural Patterns ပါ။ Class ရဲ့ Behavioral ပေါ်မှာ မူတည်ပြီး ပြောင်းလဲရင်တော့  Behavioral Patterns ဆိုတာကို တွေ့ရပါလိမ့်မယ်။